Q: ကွန်ပြူတာ လက်တော့တွေက ဘထ္ထရီကို ထုတ် မသုံးပဲ လျှပ်စစ်မီးအားသွင်းကြိုး အမြဲတမ်းတပ်သွင်းရင်စက်နာ တတ် ပါသလား။ ဘာဖြစ်တတ်ပါသလဲခင်ဗျာ။ ကျောင်းကဆရာမက စက်ကို မီးကြိုးအမြဲမတပ်ရဘူး။ ဘထ္ထရီနဲ့ သုံး ရမယ်ပြောပါတယ်။ ဘထ္ထရီအား ၂၀ လောက်ကျန်မှ မိးကြိုးပြန်တပ်ခိုင်းပါတယ်။
A ► အပူဆိုတာ electronic ပစ္စည်းတိုင်းရဲ့ ရန်သူပါ။ ပူလာပြီဆိုတာနဲ့ electronic ပစ္စည်းတွေရဲ့ performance ဟာ ကျလာပါတယ်။ ပစ္စည်းရဲ့ သက်တမ်းလည်း ကျလာပါတယ်။ အခု ဆွေးနွေးချက်မှာ laptop ကို AC power တပ်သုံးပါ မယ်။ ဒါဆိုရင် power unit ဟာ AC to DC ကို ပြောင်းရပါမယ်။ ပြောင်းတဲ့ အခါမှာ coil တွေ လိုအပ်လာပါတယ်။ coil ပါလာရင် အပူကို လွှင့်ထုတ်မှု များလာပြီး energy loss ကို ဖြစ်စေပါတယ်။ပူလာရင် computer တွေရဲ့performance ကိုကျစေပါတယ်။ battery နဲ့ဘဲ သုံးမယ်ဆိုရင် AC to DC ပြောင်းတဲ့ process မရှိပါဘူး။ ဒီအတွက် အပူသက်သာ ပါ တယ်။ နောက်တစ်ချက်က battery တွေကို overcharging လုပ်ခြင်းဟာ မကောင်းပါဘူး။ အခု laptop မှာ သုံးတဲ့ battery ဟာ battery အခြောက်ပါ။ battery အစိုမှာဆိုရင် charging လုပ်နေတဲ့ အချိန်မှာ acid တွေဟာ ဆူပွက်နေ ပါတယ်။
အားပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ charging လုပ်တဲ့ အချိန်တိုင်းမှာ ပူနွေးနေပါတယ်။ ဒါကြောင့် acid ခြောက်ခမ်းမှု အငွေ့ပြန်မှုကို ဖြစ်စေပါတယ်။ ဒါဟာ မြင်သာအောင် ပြောတာပါ။ Battery ခြောက်များတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ battery ကို လုံးဝ ကုန်အောင် သုံးစွဲပစ်ခြင်းသည် battery ၏ life ကို ကျဆင်းစေပါ တယ်။ ဒါကြောင့် ကျွန်တော် ပြောချင်တာကတော့ အစွန်းဆိုတာ မကောင်းပါဘူး။ လိုအပ်သလောက် charging လုပ် ပါ။ adepter က ပူနေပြီ (သို့) laptop ကလည်း ပူနေပြီ၊ battery ကလည်း ပြည့်ပြီဆိုရင် battery နဲ့ သုံးပါ။ 20 % လောက်ဘဲ ကျန်တော့တယ်ဆိုရင် charging ပြန်လုပ်ပါ။ မိမိ အသုံးမပြုတော့သည် အချိန်တွင် charging ကလည်း ပြည့်နေမယ်ဆိုရင် AC power ပေးခြင်းမျိုးကို ရှောင်ကြည်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment